back

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ အသက် ၈၀ မှာ ကွယ်လွန်

Dec 30 • 6:45 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ အသက် ၈၀ မှာ ကွယ်လွန်

ရှိတ်ဟာစီနာနှင့် ပြိုင်ဘက်ဖြစ်ပြီး တိုင်းပြည်၏ နိုင်ငံရေးကို မျိုးဆက်တစ်ခုကြာ စိုးမိုးခဲ့သော ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာသည် ကွယ်လွန်သွားခဲ့ပြီဟု...

ရှိတ်ဟာစီနာနှင့် ပြိုင်ဘက်ဖြစ်ပြီး တိုင်းပြည်၏ နိုင်ငံရေးကို မျိုးဆက်တစ်ခုကြာ စိုးမိုးခဲ့သော ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာသည် ကွယ်လွန်သွားခဲ့ပြီဟု သူ၏ နိုင်ငံရေးပါတီက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ သူသည် ကွယ်လွန်ချိန်တွင် အသက် ၈၀ နှစ်ရှိပြီဖြစ်သည်။ ဘီအင်န်ပီ ဥက္ကဌနှင့် ဝန်ကြီးချုပ်ဟောင်း နိုင်ငံ့ခေါင်းဆောင် ဘီဂမ် ခါလီဒါဇီယာသည် အရုဏ်တက် ဝတ်ပြုဆုတောင်းပြီးစအချိန် ယနေ့နံနက် ၆ နာရီတွင် ကွယ်လွန်သွားပါပြီ” ဟု ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ(ဘီအင်န်ပီ)က သတင်းထုတ်ပြန်ပြောကြားခဲ့သည်။ ဇီယာသည် နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်ခဲ့သည်။ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ထိုးနှက်ခြင်း ဖြစ်သည်ဟု သူက ပြောဆိုခဲ့သော အဂတိလိုက်စားမှုဆိုင်ရာ အမှုများကို သူ ရင်ဆိုင်ခဲ့ရသော်လည်း သူ့အပေါ် နောက်ဆုံးအဂတိလိုက်စားမှု အမှုတွင် ဇီယာ၌ အပြစ်မရှိကြောင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့သောကြောင့် ဖေဖော်ဝါရီလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိစေခဲ့သည်။ ဗြိတိန်တွင် ဆေးကုသမှုခံယူပြီးနောက် မေလတွင် သူ့နိုင်ငံသို့ ပြန်လာခဲ့သည်။အစိုးရလက်ထက်ကမူ သူ၏ ပြည်ပခရီးသွားခွင့် တောင်းဆိုချက်များကို ၁၈ ကြိမ်အထိ ပယ်ချခဲ့သည်။ ကျင်းပမည့် ရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးရန် နိုဝင်ဘာလတွင် ဇီယာက ကတိပြုခဲ့သည်။ နိုဝင်ဘာလအနှောင်းပိုင်းတွင် သူ့အားဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ဆရာဝန်များက အကောင်းဆုံးကြိုးစားခဲ့သော်လည်း ကျန်းမာရေးပြဿနာများစွာကြောင့် သူ၏ ကျန်းမာရေးအခြေအနေကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

news-view-count-icon

28