အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သည် ဒီဇင်ဘာ ၂၉ရက်နေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်မြို့ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဖက်စပ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပြည်တွင်းပြည်ပ ခရီးသွားပြပွဲများ၌ မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းများ ခင်းကျင်းပြသ နေမှု၊ ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်များ စီစဉ်ဆောင်ရွက်နေမှု၊ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည်ပတ် ကြစေရေးအတွက် ခရီးစဉ်ဒေသများ မြှင့်တင်ကြော်ငြာနေမှု၊ ခရီးသွားပြပွဲများ(UMTA Travel Fair 2026) ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါတယ်။



