ကယန်း သက္ကရာဇ် 2765 ခုနှစ်ကိုကြိုဆိုတဲ့ ကယန်းနှစ်သစ်ကူးနေ့အခမ်းအနားနဲ့အတူ နိုင်ငံတကာရောက်ကယန်းလူမျိုးများတွေ့ဆုံခြင်းအထိမ်းအမှတ်ကနေ ရံပုံငွေရှာဖွေရေးအားကစားပြိုင်ပွဲတစ်ရပ်က်ို ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။နိုင်ငံတကာရောက် ကယန်းလူမျိုးတွေပြန်လည်တွေ့ဆုံကြဖို့၊ ကယန်းနှစ်သစ်ကူးအထိမ်းအမှတ်ဖြစ်ဖို့နဲ့ စစ်ဘေးရှောင်တွေအတွက် ရန်ပုံငွေရှာဖွေနိုင်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ အဆိုပါအထိမ်းအမှတ်ပွဲကို ကျင်းပရခြင်းဖြစ်တယ်လို့ပြောပါတယ်။ထိုင်းနိုင်ငံရောက် ကယန်းလူမျိုးတွေနဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားတွေ စုစုပေါင်း လူဦးရေ ၁,၅၀၀ ၀န်းကျင်ခန့်ပါ၀င်တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ကယန်းနှစ်သစ်ကူးနေ့နဲ့ နိုင်ငံတကာရောက်ကယန်းလူမျိုးများတွေ့ဆုံခြင်း အထိမ်းအမှတ် အခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်
Dec 30 • 5:39 AM
မြန်မာ
ကယား
မျှဝေမည်
| 23 | 0 | 0 | 0 |


