back

မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်ပစ်လွှတ်မှုကိုမြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ကြီးကြပ်ခဲ့

Dec 30 • 5:18 AM

breaking-news

မြန်မာ

ပြည်ပ

cover

မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်ပစ်လွှတ်မှုကိုမြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ကြီးကြပ်ခဲ့

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ဒီဇင်ဘာ ၂၈ ရက်တွင် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်ပစ်လွှတ်မှုလေ့ကျင့်ခန်းကို ကိုယ်တိုင်ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီ...

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ဒီဇင်ဘာ ၂၈ ရက်တွင် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်ပစ်လွှတ်မှုလေ့ကျင့်ခန်းကို ကိုယ်တိုင်ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ ကေစီအင်န်

အေက ဖော်ပြထားသည်။၂၀၂၆ ခုနှစ် အစောပိုင်းတွင် ကျင်းပရန်မျှော်လင့်ထားသည့် အာဏာရပါတီညီလာခံမတိုင်မီနိုင်ငံ၏ စစ်ရေးနှင့် စီးပွားရေးတိုးတက်မှုကို အလေးပေးဖော်ပြရန် မြောက်ကိုရီးယားခေါင်းဆောင်ကယခုပစ်လွှတ်မှုကို ကိုယ်တိုင် ကြီးကြပ်ခဲ့ခြင်းဖြစ်သည်။ကိုရီးယားကျွန်းဆွယ်၏ အနောက်ဘက်ပင်လယ်ပြင်အထက်ရှိ ၎င်းတို့၏ ပတ်လမ်းတစ်လျှောက် ခရုဇ်ဒုံးကျည်များ ပျံသန်းပြီး ပစ်မှတ်ကိုထိမှန်သွားသဖြင့် ကင်ဂျုံအန်က အလွန်ကျေနပ်အားရမှုရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဆိုသည်။မြောက်ကိုရီးယားက ပြုံယမ်းအနီးရှိဆူနန်ဒေသမှ ခရုဇ်ဒုံးကျည်များ ပစ်လွှတ်မှုကို ထောက်လှမ်း တွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ပြောသည်။မြောက်ကိုရီးယားသည် နှစ်သစ်ကူးနေ့တွင်နောက်ထပ်ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်နိုင်ကြောင်း တောင်ကိုရီးယား စစ်ဘက်အရာရှိတစ်ဦးကိုကိုးကား၍ ယွန်ဟတ်သတင်းဌာနက ဆိုသည်။နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းတည်ဆောက်ရန် လုပ်ဆောင်နေသည့်လုပ်ငန်းအပါအဝင် ပြီးခဲ့သည့်သီတင်းပတ်အတွင်းမြောက်ကိုရီးယား၏ စစ်ရေးလှုပ်ရှားမှုများသည်ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိခိုက်စေသော လှုပ်ရှားမှုများဖြစ်ကြောင်းတောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။


news-view-count-icon

30