back

အမေရိကန်နိုင်ငံနယူးဂျာစီတွင် ရဟတ်ယာဉ်နှစ်စင်း တိုက်မိမှုကြောင့် လူတစ်ဦးသေပြီး တစ်ဦးဒဏ်ရာရ

Dec 30 • 5:03 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန်နိုင်ငံနယူးဂျာစီတွင် ရဟတ်ယာဉ်နှစ်စင်း တိုက်မိမှုကြောင့် လူတစ်ဦးသေပြီး တစ်ဦးဒဏ်ရာရ

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်ရှိ မြို့တစ်မြို့ပေါ်တွင် ရဟတ်ယာဉ်နှစ်စင်း လေထဲတွင် တိုက်မိပြီးနောက် လူတစ်ဦးသေဆုံးပြီး တစ်ဦးမှာ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြေ...

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်ရှိ မြို့တစ်မြို့ပေါ်တွင် ရဟတ်ယာဉ်နှစ်စင်း လေထဲတွင် တိုက်မိပြီးနောက် လူတစ်ဦးသေဆုံးပြီး တစ်ဦးမှာ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ဒီဇင်ဘာ၂၈ ရက်တွင်ပြောသည်။လေယာဉ် နှစ်စင်းစလုံးတွင်လေယာဉ်မှူးတစ်ဦးစီသာပါရှိကြောင်းဖက်ဒရယ်လေကြောင်း စီမံခန့်ခွဲရေးဗျူရိုက ကြေညာချက်တစ်စောင်တွင်ပြောကြားခဲ့ပြီး တိုက်မိရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်သွားမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။ရဟတ်ယာဉ်တစ်စင်း မြေပြင်ပေါ်သို့ ပျက်ကျချိန်တွင် မီးလောင်သွားခဲ့ပြီး အရေးပေါ်ဌာနက မီးငြှိမ်း

သတ်ရန် လုပ်ဆောင်ခဲ့ကြောင်း ဟမ်မွန်တန်ရဲတပ်ဖွဲ့က ပြောသည်။ ဟမ်မွန်တန်သည် ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲလ်ဖီးယားမြို့၏အရှေ့တောင်ဘက် ၃၅ မိုင်အကွာအတ္တလန္တစ်စီးတီး အမြန်လမ်းမကြီးအနီးတွင် တည်ရှိသည်။အမျိုးသားသယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဘုတ်အဖွဲ့၏အဆိုအရ မတော်တဆမှုတွင် အန်စတုန်း၂၈၀-စီ ရဟတ်ယာဉ်နှင့် အန်စတုန်းအက်ဖ်-၂၈အေ အမျိုးအစား ရဟတ်ယာဉ်များ ပါဝင်ခဲ့ပြီး ယင်းရဟတ်ယာဉ်များမှာ လူသုံးဦး တင်ဆောင်နိုင်သော အပေါ့စားရဟတ်ယာဉ်များဖြစ်သည်။

ဇန်နဝါရီလအတွင်းကလည်းဝါရှင်တန်ဒီစီ၌ စစ်ရဟတ်ယာဉ်တစ်စင်းသည် ခရီးသည်တင်ဂျက်

လေယာဉ်တစ်စင်းနှင့် တိုက်မိခဲ့ပြီး လူ၆၇ ဦး သေဆုံးခဲ့ရသည်။




news-view-count-icon

30