back

ဗဟိုဘဏ်က သွင်းကုန်လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သန်းကျော် ထပ်မံရောင်းချပေး

Dec 30 • 4:41 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဗဟိုဘဏ်က သွင်းကုန်လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သန်းကျော် ထပ်မံရောင်းချပေး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် ပြည်တွင်းသွင်းကုန်ကုမ္ပဏီများအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၁၁ သန်းကျော်ကို ထပ်မံထုတ်ရောင်းပေးခဲ့ရာ ၎င်...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် ပြည်တွင်းသွင်းကုန်ကုမ္ပဏီများအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၁၁ သန်းကျော်ကို ထပ်မံထုတ်ရောင်းပေးခဲ့ရာ ၎င်းအနက်မှ ၂ ဒသမ ၃၄၇ သန်းကျော်ကို စားသုံးဆီကုမ္ပဏီများအတွက်လည်းကောင်း၊ ကျန်ရှိသည့် ၄ သိန်း ၆ သောင်းကျော်ကို စက်သုံးဆီကုမ္ပဏီများအတွက်လည်းကောင်း ခွဲဝေရောင်းချပေးခဲ့သည်။ ဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများကို အခြေခံကာ ယခုကဲ့သို့ ရောင်းချပေးခြင်းဖြစ်ပြီး ဒီဇင်ဘာ ၃၀ ရက်ရှိ FX Trading Platform ၏ သတ်မှတ်လဲလှယ်နှုန်းများမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၃,၆၄၉ ကျပ်၊ ထိုင်းတစ်ဘတ်လျှင် ၁၂၄ ဒသမ ၅၀ ကျပ် နှင့် တရုတ်တစ်ယွမ်လျှင် ၅၅၆ ဒသမ ၆၀ ကျပ်တို့ ဖြစ်ကြောင်း သိရသည်။

news-view-count-icon

22