၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း ပြည်တွင်းသီးနှံဈေးကွက်တွင် မတ်ပဲဈေးနှုန်းသည် ဒီဇင်ဘာအားလပ်ရက်များနှင့် ပဲသစ်များဝင်ရောက်လာမှုကြောင့် တစ်တန်လျှင် ၂၇ သိန်းအောက်သို့ ကျဆင်းသွားကာ ပဲစင်းငုံနီမှာလည်း တစ်ပတ်အတွင်း ၈၀,၀၀၀ ကျပ်ခန့် ဈေးကျဆင်းခဲ့သလို၊ အာလူးဈေးကွက်မှာလည်း အရည်အသွေးပိုင်း အားနည်းမှုကြောင့် ဈေးနှုန်းများ လိုက်ပါကျဆင်းနေကြောင်း တွေ့ရသည်။ သို့သော် ကြက်သွန်နီအသစ်များမှာ အရည်အသွေးကောင်းမွန်ပြီး ပြည်ပသို့ တင်ပို့ရန် ဝယ်လိုအားမြင့်တက်နေသဖြင့် ဈေးနှုန်းများ ပြန်လည်မြင့်တက်လာကာ အရောင်းအဝယ်သွက်လျက်ရှိပြီး၊ ခရမ်းချဉ်သီးဈေးနှုန်းမှာမူ ပြည်မဘက်တွင် အဝင်များ၍ ဈေးကျသော်လည်း ရှမ်းတောင်ဒေသတွင် အထွက်နည်းသဖြင့် ဈေးနှုန်းမြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။
ပြည်တွင်းသီးနှံဈေးကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံစျေးများ ကျဆင်းလာသော်လည်း ကြက်သွန်နီမှာ ပြည်ပဝယ်လိုအားကြောင့် ဈေးတက်နေ
Dec 30 • 4:40 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


