ကမ္ဘာကျော် Tomorrowland တေးဂီတပွဲတော်ကြီးကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ထိုင်းနိုင်ငံ၊ ချွန်ပူရီပြည်နယ်ရှိ Wisdom Valley ၌ ၅ နှစ်ကြာ ကျင်းပသွားနိုင်ရန် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) က VR One World (Thailand) ကုမ္ပဏီသို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အထောက်အပံ့များပေးအပ်ရန် အတည်ပြုလိုက်ရာ ထိုင်းနိုင်ငံသည် အာရှတွင် အဆိုပါပွဲတော်ကို ပထမဆုံးအကြိမ် ကျင်းပခွင့်ရသည့်နိုင်ငံ ဖြစ်လာခဲ့သည်။ ၃ ရက်ကြာကျင်းပမည့် ဤပွဲတော်တွင် တစ်ရက်လျှင် လူဦးရေ ၅၀,၀၀၀ အထိ ဝင်ဆံ့မည်ဖြစ်ပြီး တက်ရောက်သူ ၆၀ ရာခိုင်နှုန်းကျော်မှာ နိုင်ငံခြားသားများဖြစ်လာမည်ဟု ခန့်မှန်းထားသည့်အပြင် "Tomorrowland Academy" အစီအစဉ်ဖြင့် ဒေသခံဝန်ထမ်းများကို နိုင်ငံတကာအဆင့်မီ ပွဲလမ်းသဘင်စီမံခန့်ခွဲမှုနည်းပညာများ လက်ဆင့်ကမ်းပေးသွားမည်ဖြစ်ကာ၊ အစိုးရအနေဖြင့်လည်း ပွဲတော်အောင်မြင်စေရန် အနုပညာရှင်များအတွက် ဗီဇာ၊ အလုပ်လုပ်ကိုင်ခွင့်နှင့် အခွန်ကိစ္စရပ်များကို ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Dec 30 • 4:36 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


