back

ပြည်တွင်းရှိ အသည်းလူနာကိုမောင်နှမဝမ်းကွဲအသည်းဖြင့်အစားထိုးကုသနိုင်လာ

Dec 30 • 3:59 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းရှိ အသည်းလူနာကိုမောင်နှမဝမ်းကွဲအသည်းဖြင့်အစားထိုးကုသနိုင်လာ

အခုရက်ပိုင်းမှာ မောင်နှမဝမ်းကွဲလှူတဲ့အသည်းနဲ့ အသည်းလူနာအမျိုးသားတစ်ဦးကို မြန်မာနိုင်ငံမှာအစားထိုးကုသနိုင်ခဲ့တယ်လို့ သိရပါတယ်။အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန...

အခုရက်ပိုင်းမှာ မောင်နှမဝမ်းကွဲလှူတဲ့အသည်းနဲ့ အသည်းလူနာအမျိုးသားတစ်ဦးကို မြန်မာနိုင်ငံမှာအစားထိုးကုသနိုင်ခဲ့တယ်လို့ သိရပါတယ်။

အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်မြို့မှာ ဒီဇင်ဘာ ၂၀ ရက်မှာ (၃၈)ကြိမ် မြောက်အသည်းအစားထိုးခွဲစိတ်ကုသမှုအဖြစ် ပြည်မြို့မှာ နေထိုင်တဲ့ အသက် (၄၉) နှစ်ရှိ အသည်းလူနာအမျိုးသားနှင့် အသက် (၃၉) နှစ်ရှိ အသည်းအလှူရှင်အမျိုးသမီး မောင်နှမဝမ်းကွဲကိုကုသနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ဒီဇင်ဘာ ၂၁ ရက်တွင် (၃၉) ကြိမ်မြောက် အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ အသက် (၅၈)နှစ်ရှိ အသည်းလူနာအမျိုးသမီးနှင့် အသက် (၂၅) နှစ်ရှိ အသည်းအလှူရှင် အမျိုးသား သားအမိတို့လည်း အောင်မြင်စွာခွဲစိတ်ကုသနိုင်ခဲ့ပါတယ်။


news-view-count-icon

34