လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ ကျင်းပမည်ဖြစ်သဖြင့် ဇန်နဝါရီ ၂ ရက် (အစမ်းလေ့ကျင့်သည့်နေ့) နှင့် ဇန်နဝါရီ ၄ ရက် (အခမ်းအနားကျင်းပမည့်နေ့) တို့တွင် ပြည်လမ်းကို ခေတ္တပိတ်ထားမည် ဖြစ်သည်။ ယာဉ်မောင်းသူများအနေဖြင့် မြောက်မှတောင်သို့ မောင်းနှင်ပါက မြေနီကုန်းမှတစ်ဆင့် ရှင်စောပုလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်းသို့လည်းကောင်း၊ တောင်မှမြောက်သို့ မောင်းနှင်ပါက ပြည်ထောင်စုရိပ်သာလမ်းမှတစ်ဆင့် ခရေပင်လမ်းနှင့် အလုံလမ်းများသို့ လွှဲပြောင်းမောင်းနှင်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့က အသိပေးထားသည်။



