အယ်လ်နာဆာအသင်း၏ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒို သည် ၂၀၂၅ Globe Soccer Awards ဆုပေးပွဲ၌ အရှေ့အလယ်ပိုင်း အကောင်းဆုံးကစားသမားဆုကို လက်ခံရယူစဉ် ၎င်း၏ သမိုင်းဝင် သွင်းဂိုး (၁၀၀၀) ရည်မှန်းချက် ပြည့်မီသည်အထိ ဘောလုံးလောကမှ အနားယူဦးမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အသက် (၄၁) နှစ် ပြည့်တော့မည့် ရော်နယ်လ်ဒိုသည် လက်ရှိတွင် ကလပ်နှင့် လက်ရွေးစင် ပွဲစဉ်များ၌ စုစုပေါင်း ၉၅၆ ဂိုး သွင်းယူထားပြီးဖြစ်ရာ ရည်မှန်းချက်အတွက် ၄၄ ဂိုး သာ လိုအပ်တော့ပြီး၊ ဒဏ်ရာကင်းစင်ပါက အဆိုပါကိန်းဂဏန်းသို့ သေချာပေါက်ရောက်ရှိမည်ဟု ယုံကြည်နေကြောင်း သိရသည်။
Dec 30 • 1:34 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 28 | 0 | 0 | 0 |


