မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ၂၀၂၆ ခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်နှင့် အာရှဖလား ယူ-၁၇ ပြိုင်ပွဲကြီးနှစ်ခုအတွက် မြန်မာ ယူ-၁၇ လူငယ်အသင်းကို တရုတ်နှင့် ကာတာနိုင်ငံများသို့ စေလွှတ်၍ လေ့ကျင့်ရေးခြေစမ်းပွဲများ ကစားစေရန် စီစဉ်လျက်ရှိသည်။ အစီအစဉ်အရ လာမည့် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံသို့လည်းကောင်း၊ မတ်လတွင် ကာတာနိုင်ငံသို့လည်းကောင်း သွားရောက်ကာ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် အာဆီယံပြိုင်ပွဲ (ဧပြီလ) နှင့် ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပမည့် အာရှဖလားပြိုင်ပွဲ (မေလ) တို့အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။
Dec 30 • 1:32 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 50 | 0 | 0 | 0 |


