back

သွင်းဂိုးနှစ်ဂိုးနှင့်အတူ AYA Pay အကောင်းဆုံးကစားသမားဆု ရခဲ့သည့် ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ဇင်မိုးပြည့်

Dec 29 • 4:27 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

သွင်းဂိုးနှစ်ဂိုးနှင့်အတူ AYA Pay အကောင်းဆုံးကစားသမားဆု ရခဲ့သည့် ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ဇင်မိုးပြည့်

Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-11) ပွဲစဉ် တစ်ပွဲ အဖြစ် ဒီဇင်ဘာ ၂၉ ရက်(ယနေ့)၊ ညနေက YUSC ကွင်း၌ Young Lionesses အသင်းနှင့် ရန်ကုန်ယူန...

Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-11) ပွဲစဉ် တစ်ပွဲ အဖြစ် ဒီဇင်ဘာ ၂၉ ရက်(ယနေ့)၊ ညနေက YUSC ကွင်း၌ Young Lionesses အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Woman of The Match အကောင်းဆုံးကစားသမားဆုကို ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ဇင်မိုးပြည့်က ရခဲ့သည်။ Young Lionesses အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ယနေ့ပွဲတွင် တိုက်စစ်မှူး ဇင်မိုးပြည့်(ကျောနံပါတ်-၉)သည် ခြေစွမ်းပေါ်လွင်ခဲ့ပြီး အသင်းအတွက် သွင်းဂိုး နှစ်ဂိုးကိုလည်း သွင်းယူပေးခဲ့သည့်အတွက် AYA Pay မှ ချီးမြှင့်သည့် AYA Pay Woman of the Match အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။ 


news-view-count-icon

27