back

ပုဂံယဉ်ကျေးမှုနယ်မြေသို့ ခရစ္စမတ်ရုံးပိတ်ရက်များအတွင်း ခရီးသွားဧည့်သည် ၂ သိန်းကျော်လာရောက်လည်ပတ်

Dec 29 • 3:15 PM

breaking-news

မြန်မာ

မန္တလေး

cover

ပုဂံယဉ်ကျေးမှုနယ်မြေသို့ ခရစ္စမတ်ရုံးပိတ်ရက်များအတွင်း ခရီးသွားဧည့်သည် ၂ သိန်းကျော်လာရောက်လည်ပတ်

မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်အထင်ကရ ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများသို့ ခရစ္စမတ်ရုံးပိတ်ရက်များအတွင်း ခရီးသွားဧည့်သည် ၂ သိန်းကျော်...

မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်အထင်ကရ ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများသို့ ခရစ္စမတ်ရုံးပိတ်ရက်များအတွင်း ခရီးသွားဧည့်သည် ၂ သိန်းကျော်လာရောက်လည်ပတ်ခဲ့ခြင်းကြောင့် ခရီးသွားဝင်ရောက်မှု များပြားခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှ သိရပါတယ်။အဆိုပါနယ်မြေအတွင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပေးထားတဲ့ လိုင်စင်ရှိ ဟိုတယ်နှင့် မိုတယ် ၉၅ လုံး၊ ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ လိုင်စင်ရှိ တည်းခိုရိပ်သာ ၃၃ လုံးရှိပြီး  ခရီးသွားဧည့်သည်များ တည်ခိုးမှုများပြားခဲ့ကြောင်းနှင့် နေချင်းပြန်ခရီးဖြင့် လာရောက်လည်ပတ်ကြသူ များစွာလည်း ရှိခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)၏ စာရင်းများအရ သိရပါတယ်။ထိုကြောင့် ခရီးသွားလည်ပတ်မှုများပြားသည့်အတွက် ဒေသခံများ၏ မြင်းလှည်းအငှားလိုက်လုပ်ငန်းများ၊ E-Bike ငှားရမ်းသည့် လုပ်ငန်းများ၊ ပြည်တွင်းဧည့်လမ်းညွှန်များ၊ ဧည့်ကားအငှားလိုက်သူများ၊ လက်အလှပန်းချီရေးဆွဲသူများ၊ စားသောက်ဆိုင်များအနေဖြင့်လည်း လုပ်ငန်းလည်ပတ်မှုများ ကောင်းမွန်ခဲ့တယ်လို့ သိရပါတယ်။

 


news-view-count-icon

24