ခရစ္စမတ်ကာလအတွင်း ပိတ်ထားခဲ့သည့် အိန္ဒိယ- ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းတွင် ကုန်စိမ်းတင်ပို့မှုကို ယနေ့ကစပြီး သွားလာခွင့်ရရှိပြီဖြစ်ကြောင်း သိရသည်။ကုန်စိမ်းပစ္စည်းများဖြစ်သည့် အာလူး၊ ကြက်သွန်နှင့် သစ်သီးများမှာ ပုပ်သိုးခြင်း၊ အညှောက်ထွက်ခြင်းတို့ ကြုံတွေ့နေရသောကြောင့် အာဏာပိုင်များက ခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။အိန္ဒိယ- ရခိုင် ကုန်သွယ်ရေးကို ခရစ္စမတ်ပွဲကာလအဖြစ် ဒီဇင်လာ ၂၀ ကနေစပြီး ဇန်နဝါရီ ၁၁ ရက်နေ့အထိ ဈေးဧရိယာများကို ပိတ်ထားပြီး ကုန်တင်ခွင့် ပိတ်ထားခြင်းဖြစ်သည်။



