တောင်ကိုရီးယားနိုင်ငံ သမ္မတရုံး ရွှေ့ပြောင်းရေးလုပ်ငန်းကို ဒီဇင်ဘာ ၂၉ ရက်တွင် တရားဝင် လုပ်ဆောင်ပြီးစီးခဲ့ရာ သမ္မတရုံးကို ၃ နှစ် ၇ လ အကြာတွင် အိမ်ပြာတော်သို့ ပြန်လည်ရွှေ့ပြောင်းခဲ့သည်။ ၁၉၄၈ ခုနှစ်မှစ၍ အိမ်ပြာတော်သည် တောင်ကိုရီးယားနိုင်ငံ သမ္မတအဆက်ဆက်၏ အိမ်တော်နှင့် ရုံးခန်းနေရာ ဖြစ်ခဲ့သည်။ ယွန်းဆက်ယိုက ၂၀၂၂ ခုနှစ် မေလတွင် သမ္မတအဖြစ် စတင်ထမ်းဆောင်ပြီးနောက် ရုံးခန်းနေရာကို ဆိုးလ်မြို့ ရုံဆန်ခရိုင် ကာကွယ်ရေးဝန်ကြီးဌာနရုံး အဆောက်အဦတွင် အသစ်တည်ဆောက်ထားသည့် သမ္မတရုံးသို့ ရွှေ့ပြောင်းခဲ့ကာ အိမ်ပြာတော်ကို အများပြည်သူ လာရောက်လည်ပတ်နိုင်ရန် ဖွင့်လှစ်ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ သမ္မတအဖြစ် လီဂျေမြောင် စတင်တာဝန်ထမ်းဆောင်ပြီးနောက် သမ္မတရုံးအား အိမ်ပြာတော်သို့ ပြန်လည်ရွှေ့ပြောင်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။



