back

ထိုင်းရှိ Cal-Comp အီလက်ထရောနစ်စက်ရုံမှ မြန်မာအလုပ်သမား ၁,၀၀၀ ကျော် ရုတ်တရက် အလုပ်ထုတ်ခံရ

Dec 29 • 5:52 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းရှိ Cal-Comp အီလက်ထရောနစ်စက်ရုံမှ မြန်မာအလုပ်သမား ၁,၀၀၀ ကျော် ရုတ်တရက် အလုပ်ထုတ်ခံရ

ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင်ရှိ ခယ်ကွန်း (Cal-Comp) အီလက်ထရောနစ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁,၀၀၀ ကျော်ကို စက်ရုံတာဝန်ရှိသူများက ယနေ့ ဒီဇင်ဘ...

ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင်ရှိ ခယ်ကွန်း (Cal-Comp) အီလက်ထရောနစ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁,၀၀၀ ကျော်ကို စက်ရုံတာဝန်ရှိသူများက ယနေ့ ဒီဇင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် ကြိုတင်အသိပေးခြင်းမရှိဘဲ ရုတ်တရက် အလုပ်ထုတ်ပစ်လိုက်ကြောင်း သိရသည်။ အဆိုပါ အလုပ်သမားများမှာ တစ်စုံတစ်ရာ ပြင်ဆင်ထားခြင်းမရှိဘဲ ရုတ်တရက် အလုပ်ထုတ်ခံလိုက်ရခြင်းကြောင့် လက်ရှိတွင် နေထိုင်စားသောက်ရေးနှင့် အထောက်အထားဆိုင်ရာ ကိစ္စရပ်များအတွက် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

news-view-count-icon

36