back

လာအိုနိုင်ငံ ၂၀၂၆ ခုနှစ်အတွက် အစိုးရရုံးပိတ်ရက်များ ထုတ်ပြန်ကြေညာ

Dec 29 • 5:51 AM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

လာအိုနိုင်ငံ ၂၀၂၆ ခုနှစ်အတွက် အစိုးရရုံးပိတ်ရက်များ ထုတ်ပြန်ကြေညာ

လာအိုနိုင်ငံ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနသည် ၂၀၂၆ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သတ်မှတ်မည့် အစိုးရရုံးပိတ်ရက်များနှင့် အစားထိုးပိတ်ရက်စာရင...

လာအိုနိုင်ငံ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနသည် ၂၀၂၆ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သတ်မှတ်မည့် အစိုးရရုံးပိတ်ရက်များနှင့် အစားထိုးပိတ်ရက်စာရင်းကို ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ ထုတ်ပြန်ချက်အရ ဇန်နဝါရီလ ၁ ရက်တွင် အပြည်ပြည်ဆိုင်ရာ နှစ်သစ်ကူးနေ့၊ မတ်လ ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် မတ်လ ၉ ရက်ကို အစားထိုးပိတ်ရက်အဖြစ်လည်းကောင်း၊ ဧပြီလ ၁၄ ရက်မှ ၁၆ ရက်အထိ လာအိုနှစ်သစ်ကူး (သင်္ကြန်) ပွဲတော်ရက်များအဖြစ်လည်းကောင်း အသီးသီးသတ်မှတ်ထားသည်။ ထို့ပြင် မေလ ၁ ရက်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့၊ ဇူလိုင်လ ၂၀ ရက်တွင် လာအိုအမျိုးသမီးများအဖွဲ့ချုပ် တည်ထောင်သည့်နေ့ (နိုင်ငံ့ဝန်ထမ်းနှင့် အမျိုးသမီးလုပ်သားများသာ ပိတ်ရက်ရရှိမည်) နှင့် ဒီဇင်ဘာလ ၂ ရက်တွင် လာအိုအမျိုးသားနေ့တို့အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

news-view-count-icon

19