back

၂၀၂၅ Globe Soccer ဆုပေးပွဲမှာ အကောင်းဆုံးကစားသမားဆုကို ဒမ်ဘီလီရရှိ

Dec 29 • 3:12 AM

breaking-news

မြန်မာ

ပြည်ပ

cover

၂၀၂၅ Globe Soccer ဆုပေးပွဲမှာ အကောင်းဆုံးကစားသမားဆုကို ဒမ်ဘီလီရရှိ

၂၀၂၅ Globe Soccer ဆုပေးပွဲကို မနေ့က ကျင်းပခဲ့ရာမှာ အကောင်းဆုံးကစားသမားဆုကို PSG အသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမား ဒမ်ဘီလီ ရရှိခဲ့ပြီး အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီတ...

၂၀၂၅ Globe Soccer ဆုပေးပွဲကို မနေ့က ကျင်းပခဲ့ရာမှာ အကောင်းဆုံးကစားသမားဆုကို PSG အသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမား ဒမ်ဘီလီ ရရှိခဲ့ပြီး အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုက အရှေ့အလယ်ပိုင်းအကောင်းဆုံးကစားသမားဆု ရရှိခဲ့ကြောင်း သိရပါတယ်။၂၀၂၅ Globe Soccer ဆုပေးပွဲကို ဒူဘိုင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်က (၁၆)ကြိမ်မြောက်ဖြစ်ပါတယ်။Globe Soccer ဆုပေးပွဲကို ၂၀၁၀ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပေမဲ့ အကောင်းဆုံးကစားသမားဆုကို ၂၀၁၁ ခုနှစ်မှာမှ စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး စီရော်နယ်လ်ဒိုက (၆)ကြိမ်ရရှိကာ အများဆုံးအဖြစ် ဦးဆောင်နေပါတယ်။စီရော်နယ်လ်ဒိုက အရှေ့အလယ်ပိုင်းအကောင်းဆုံးကစားသမားဆုကိုလည်း (၃)နှစ်ဆက်တိုက်ရရှိထားပြီး နည်းပြတွေထဲမှာ အများဆုံးရရှိထားသူကတော့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ (၃)ကြိမ်ရရှိထားတဲ့ အန်ဆယ်လော့တီဖြစ်ကြောင်း သိရပါတယ်။

news-view-count-icon

29