back

ပြည်တွင်းတွင် မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့ခဲ့ရဟု ပြော

Dec 29 • 3:10 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းတွင် မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့ခဲ့ရဟု ပြော

ပြည်တွင်းတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်...

ပြည်တွင်းတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။"သက်ကြီးပိုင်းတွေကလည်း မဲပေးရမယ့်ရက် ရောက်တော့ မဲပေးဖို့ အခက်အခဲတွေ ဖြစ်ကုန်တာ။ တချို့က မီးစိမ်းပေါ်တဲ့ဟာကို နှိပ်တာ။ လူကြီးတွေက မဲပေးတဲ့နည်း မသိတော့ အခက်အခဲ ဖြစ်နေကြတယ်၊ မှားပေးလည်း ပြန်ပြင်လို့မရဘူး။"ဟုမူဆယ်မြို့မှ အဆိုပါဒေသခံ အမျိုးသားက ပြောသည်။ မူဆယ်မြို့ပေါ်တွင် ရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူ အားလုံး မရောက်ရှိလာသဖြင့် မဲရုံပိတ်ချိန် မြန်မာစံတော်ချိန် ညနေ (၄)နာရီ အစား ညနေ (၆)နာရီ အထိ အချိန်ထပ်တိုးလိုက်ကြောင်း ဒေသခံများက ပြောသည်။

news-view-count-icon

109