စင်ကာပူနိုင်ငံသား အမျိုးသားတစ်ဦးဟာ လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၁ ခုနှစ်ဝန်းကျင်က တရားဝင် လိုင်စင်ရ ငွေချေးလုပ်ငန်းတစ်ခုထံကနေ စင်ကာပူဒေါ်လာ ၂၅၀,၀၀၀ (နှစ်သိန်းခွဲ) ကို စတင်ချေးယူခဲ့ပါတယ်။ ချေးယူစဉ်က တစ်လကို အတိုးနှုန်း ၄ ရာခိုင်နှုန်း သတ်မှတ်ခဲ့ပေမဲ့ ပေးချေမှု နောက်ကျကြေးအနေနဲ့ တစ်လကို ၈ ရာခိုင်နှုန်းအပြင်၊ နောက်ကျကြေး လုပ်ငန်းစဉ်ခအဖြစ် တစ်လကို ဒေါ်လာ ၂,၅၀၀ စသဖြင့် ထပ်မံကောက်ခံခဲ့တာကြောင့် ၄ နှစ်အတွင်းမှာတင် အဆိုပါကြွေးမြီဟာ ဒေါ်လာ ၃ သန်းအထိ မြင့်တက်လာခဲ့ပါတယ်။ နစ်နာသူဟာ သူ့ရဲ့ မိသားစုဝင် ၅ ဦး နေထိုင်ဖို့အတွက် အခက်အခဲမရှိစေရန် ၂၀၁၆ ခုနှစ်မှာ သူ့ရဲ့ ကိုယ်ပိုင်အိမ်ကို ငွေချေးကုမ္ပဏီ ဒါရိုက်တာထံ ဒေါ်လာ ၂.၁ သန်းနဲ့ ရောင်းချပြီး အကြွေးဆပ်ခဲ့ရပါတယ်။ဒီအမှုနဲ့ ပတ်သက်ပြီး စင်ကာပူ တရားလွှတ်တော် တရားသူကြီး Philip Jeyeratnam က ဒေါ်လာ နှစ်သိန်းခွဲ ချေးယူရာကနေ ဆယ်ဂဏန်းအထိ သန်းချီ ကြွေးတင်သွားတဲ့အပေါ် တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလှတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ တရားသူကြီးက အဆိုပါ ငွေချေးမှုနဲ့ အိမ်ငှားစာချုပ်တွေမှာ တရားမဝင်တဲ့ လုပ်ရပ်တွေ ပါဝင်နေသလားဆိုတာကို ပြန်လည်စစ်ဆေးဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ 
စင်ကာပူတွင် ဒေါ်လာ နှစ်သိန်းခွဲ ချေးယူရာမှ အတိုးနှုန်းများကြောင့် ဒေါ်လာ ၂၁ သန်းအထိ ကြွေးတင်ပြီး အိမ်ပါဆုံးရှုံးခဲ့သူ
Dec 29 • 3:08 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 38 | 0 | 0 | 0 |


