၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ မဲရုံပေါင်း ၁၀၀ ၌ လာရောက်ဆန္ဒမဲပေးသူဦးရေ စုစုပေါင်း ၄၄,၆၂၈ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးမြင့်၏ ပြောကြားချက်အရ သိရသည်။ ယနေ့ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ရန်ကုန်တိုင်းအတွင်းရှိ သင်္ဃန်းကျွန်းအပါအဝင် ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ ဒဂုံတောင်၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ အလုံနှင့် သန်လျင် စသည့် မြို့နယ်ပေါင်း ၁၂ မြို့နယ် ပါဝင်ကြောင်း သိရသည်။
Dec 29 • 2:09 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 22 | 0 | 0 | 0 |


