back

Data များမဆုံးရှုံးဘဲ Google အကောင့်အီးမေးလ်လိပ်စာ ပြောင်းလဲနိုင်သည့် လုပ်ဆောင်ချက်သစ် ဂူဂဲလ်စတင်

Dec 29 • 2:08 AM

breaking-news

မြန်မာ

ပြည်ပ

cover

Data များမဆုံးရှုံးဘဲ Google အကောင့်အီးမေးလ်လိပ်စာ ပြောင်းလဲနိုင်သည့် လုပ်ဆောင်ချက်သစ် ဂူဂဲလ်စတင်

ဂူဂဲလ် (Google) သည် အသုံးပြုသူများအနေဖြင့် ရှိရင်းစွဲဓာတ်ပုံများ၊ Cloud ဖိုင်များနှင့် မက်ဆေ့ချ်များကဲ့သို့သော အချက်အလက်များ မဆုံးရှုံးစေဘဲ မိမိတို့၏ အဓိကအီးမေး...

ဂူဂဲလ် (Google) သည် အသုံးပြုသူများအနေဖြင့် ရှိရင်းစွဲဓာတ်ပုံများ၊ Cloud ဖိုင်များနှင့် မက်ဆေ့ချ်များကဲ့သို့သော အချက်အလက်များ မဆုံးရှုံးစေဘဲ မိမိတို့၏ အဓိကအီးမေးလ်လိပ်စာ (Primary Email) ကို ပြောင်းလဲနိုင်မည့် အဆင့်မြှင့်တင်မှုတစ်ခုကို စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါလုပ်ဆောင်ချက်အရ လိပ်စာအသစ်သို့ ပြောင်းလဲလိုက်ပါက လိပ်စာဟောင်းသို့ ပေးပို့သော အီးမေးလ်များသည်လည်း အလိုအလျောက် ရောက်ရှိလာမည်ဖြစ်ပြီး Maps၊ YouTube နှင့် Drive ကဲ့သို့သော ဝန်ဆောင်မှုများကိုလည်း လိပ်စာအသစ်ဖြင့် ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သော်လည်း လိပ်စာတစ်ခုကို ပြောင်းလဲပြီးပါက နောက်ထပ် ၁၂ လအတွင်း ထပ်မံပြောင်းလဲ၍ ရမည်မဟုတ်ပေ။ အသုံးပြုသူများအနေဖြင့် မိမိတို့အကောင့်၏ "Personal Info" ကဏ္ဍရှိ Google Account Email ဆက်တင်တွင် "Change Google Account Email" ဆိုသည့် လုပ်ဆောင်ချက် ပေါ်၊ မပေါ် ဝင်ရောက်စစ်ဆေးခြင်းဖြင့် ယင်းဝန်ဆောင်မှုကို စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။

news-view-count-icon

42