မနေ့ညက ကျင်းပပြုလုပ်ခဲ့သည့် Global Soccer Awards ဆုပေးပွဲတွင် ဘာစီလိုနာအသင်း၏ လူငယ်ကြယ်ပွင့် လမင်းယာမဲလ်သည် အကောင်းဆုံး ယူ-၂၃ ကစားသမားဆု၊ အကောင်းဆုံးရှေ့တန်းကစားသမားဆုနှင့် မာရာဒိုနာဆုဟူသော ဆုကြီး ၃ ဆုကို တစ်ဦးတည်း သိမ်းပိုက်နိုင်ခဲ့ပြီး၊ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ဒမ်ဘီလီက ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ အဆိုပါဆုပေးပွဲတွင် ပီအက်စ်ဂျီအသင်းသည် အကောင်းဆုံးကလပ်အသင်းဆုနှင့်အတူ ၎င်းတို့၏နည်းပြ လူးဝစ် အန်နရီကေးက အကောင်းဆုံးနည်းပြဆု၊ ဗီတင်ညာက အကောင်းဆုံးကွင်းလယ်လူဆုတို့ကို ရရှိခဲ့ကြသလို၊ ပေါ်တူဂီအသင်းက အကောင်းဆုံးနိုင်ငံအသင်းဆု၊ စီရော်နယ်ဒိုက အကောင်းဆုံးအရှေ့အလယ်ပိုင်းကစားသမားဆုနှင့် ရာဖင်ညာက အကောင်းဆုံးလာလီဂါကစားသမားဆုတို့ကို အသီးသီး ဆွတ်ခူးနိုင်ခဲ့ကြကာ အကောင်းဆုံးအမျိုးသမီးကစားသမားဆုကိုမူ ဘွန်မာတီက ရရှိခဲ့သည်။
Global Soccer Awards ဆုပေးပွဲတွင် လမင်းယာမဲလ် ဆု ၃ ဆုဖြင့် ထိပ်ဆုံးမှ အောင်ပွဲခံခဲ့ပြီး ဒမ်ဘီလီ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ဆွတ်ခူး
Dec 29 • 2:01 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 27 | 0 | 0 | 0 |


