back

မန်စီးတီးနည်းပြ ဂွါဒီယိုလာနှင့် ရုပ်သံကင်မရာသမားတို့အကြား ပဋိပက္ခထပ်မံဖြစ်ပွား

Dec 29 • 1:58 AM

breaking-news

မြန်မာ

ပြည်ပ

cover

မန်စီးတီးနည်းပြ ဂွါဒီယိုလာနှင့် ရုပ်သံကင်မရာသမားတို့အကြား ပဋိပက္ခထပ်မံဖြစ်ပွား

မန်ချက်စတာစီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲအပြီးတွင် အဝေးကွင်းလာရောက်အားပေးသည့် ပရိသတ်များကို သွားရောက်ဂုဏ်ပြုနှုတ်ဆက်စဉ် ၎င်း၏ရှေ့တည့်...

မန်ချက်စတာစီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲအပြီးတွင် အဝေးကွင်းလာရောက်အားပေးသည့် ပရိသတ်များကို သွားရောက်ဂုဏ်ပြုနှုတ်ဆက်စဉ် ၎င်း၏ရှေ့တည့်တည့်မှ ကာဆီးနေသော ရုပ်သံကင်မရာသမားတစ်ဦးအား ဒေါသတကြီးဖယ်ရှားခိုင်းခဲ့သဖြင့် ပြဿနာတစ်ရပ် ထပ်မံဖြစ်ပွားခဲ့သည်။ ဂွါဒီယိုလာသည် ပြီးခဲ့သည့်လက နယူးကာဆယ်နှင့်ပွဲအပြီးတွင်လည်း ကင်မရာသမားတစ်ဦးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ဖူးပြီး၊ ယခုတစ်ကြိမ်တွင်လည်း ကင်မရာသမားကို ဖယ်ခိုင်းပြီးနောက်မှသာ ပရိသတ်များအနီးသို့ ကပ်၍အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။

news-view-count-icon

33