မန္တလေးမြို့တွင်၂၀၂၅ခုနှစ်မှ၂၀၂၆ခုနှစ်သို့ ကူးပြောင်းသည့် နှစ်သစ်ကူးပြောင်းအထိမ်းအမှတ်အဖြစ် ၂၆လမ်း၊၆၆လမ်းနှင့်၇၀လမ်းကြားတွင်
စားသောက်ဆိုင်များ ခင်းကျင်းရောင်းချပေးမည်ဖြစ်ပြီး ပွဲတော်လာပရိသတ်
များအဆင်ပြေစေရန် ၂၆လမ်း၊ ၆၂လမ်းမှ ၆၄လမ်းတို့တွင်လည်းကောင်း၊
၂၇လမ်း၊ ၆၈လမ်းမှ ၇၀လမ်းတို့တွင်လည်းကောင်း၊ ၆၈လမ်း၊ ၂၇လမ်းမှ
၂၉လမ်းတို့တွင်လည်းကောင်း ဆိုင်ကယ်၊ ကားများ အပ်နှံနိုင်ရန် စီစဉ်ပေးထားမည်ဖြစ်သည်။နှစ်သစ်ကူးပွဲတော်ညတွင် ဒီဇင်ဘာ ၃၁ရက် ည၆နာရီအချိန်မှစတင်ကာ နိုင်ငံကျော်သရုပ်ဆောင်များ၊ အဆိုတော်များ၊ မြူးကြွလှသည့် DJ Dancer များက ဖျော်ဖြေမည်ဖြစ်ကာ ပရိသတ်များနှင့်အတူ မီးရှုးမီးပန်းများကို ရင်သပ်ရှုမောဖွယ် ပစ်ဖောက်ခြင်းဖြင့် ၂၀၂၆၊နှစ်သစ်ကို ကြိုဆိုကြမည်ဖြစ်ပါသည်။



