ဒဂုံမြို့မြောက်ပိုင်း (၂၉)ရပ်ကွက် မှာ ယနေ့ နေ့လယ်ပိုင်းက မီးလောင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ ကနဦး အရပ်သတင်များအရ စားသောက်ဆိုင် အဆောက်အအုံကို လောင်ကျွမ်းခြင်းဟု သိရပြီး လူထိခိုက်မှုရှိမရှိကို မသိရပေ။ နေ့လယ် ၃ နာရီ ၁၆ မိနစ်က စတင်လောင်ကျွမ်းခဲ့ရာ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်မီးသတ်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်နှင့် တောင်ဥက္ကလာပမြို့နယ်မီးသတ်နှင့် ရန်ကုန်နာရေးကူညီမှုအသင်းမှ မီးငြှိမ်းသတ်ယာဉ်ပါ သွားရောက်ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။



