back

ကြက်သွန်နီဈေးတက်ပြီး ကြက်သွန်ဖြူဈေးကျသည့် ထားဝယ်ဈေးကွက်

Dec 28 • 2:27 PM

breaking-news

မြန်မာ

တနင်္သာရီ

cover

ကြက်သွန်နီဈေးတက်ပြီး ကြက်သွန်ဖြူဈေးကျသည့် ထားဝယ်ဈေးကွက်

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်နီ ဈေးတက်နေပြီး ကြက်သွန်ဖြူဈေးကျနေသည်။ ပြီးခဲ့သည့် သီတင်းပတ် ဒီဇင်ဘာလ ၂၁ ရက်က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာ ၂...

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်နီ ဈေးတက်နေပြီး ကြက်သွန်ဖြူဈေးကျနေသည်။ ပြီးခဲ့သည့် သီတင်းပတ် ဒီဇင်ဘာလ ၂၁ ရက်က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာ ၂၅၀၀ ကျပ်စျေးရှိရာမှ ဒီဇင်ဘာလ ၂၈ ရက်တွင် တစ်ပိဿာ ၃၀၀၀ကျပ်သို့ ဈေးတက်သွားသည်။ တစ်ပတ်အတွင်း တစ်ပိဿာလျှင် ၅၀၀ ကျပ်စျေးတက်သွားခြင်း ဖြစ်သည်။ ကြက်သွန်ဖြူ (ကြူကုတ်) မှာမူ တစ်ပိဿာ ၁၄၀၀၀ ကျပ်မှ ၁၃၅၀၀ကျပ်သို့ ဈေးကျသွားသည်။ တစ်ပတ်တွင်း တစ်ပိဿာ ၅၀၀ ကျပ် ဈေးကျသွားသည်။ ရေထွက်ကုန်ဖြစ်သည့် ငါးကွန်းရှပ် အလတ်မှာ ယခုသီတင်းပတ်တွင် တစ်ပိဿာလျှင် ၈၀၀၀ ကျပ် ဈေးပြန်ကျလာပြီး ပုစွန် ချောကြီးမှာမူ တစ်ပိဿာလျှင် ၅၀၀၀ ကျပ် ဈေးတက်သွားသည်။ ဆန်၊ ဆီနှင့် အခြား စားဖိုဆောင်သီးနှံများမှာ ယခုသီတင်းပတ်အတွင်း ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရှိရသည်။


news-view-count-icon

45