Myanmar National League ll 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-8) ပွဲစဉ် တစ်ပွဲ အဖြစ် ဒီဇင်ဘာ ၂၈ ရက်(ယနေ့)၊ ညနေက တက္ကသိုလ်ကွင်း၌ Silver Stars အသင်းနှင့် Chinland အသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of the Match အကောင်းဆုံးကစားသမားဆုကို Chinland အသင်းမှ သွင်းဂိုးလေးဂိုး သွင်းယူပေးခဲ့သည့် တိုက်စစ်ကစားသမား လှဖုန်းဦး ကျောနံပါတ် (၁၁) က ရရှိခဲ့သည်။
Silver Stars အသင်းနှင့် Chinland အသင်းတို့ ပွဲတွင် Chinland အသင်းက (၀-၆) ဖြင့်အနိုင်ရခဲ့သည်။ ယင်းပွဲစဥ်တွင် လှဖုန်းဦး(ကျောနံပါတ်-၁၁) သည် ခြေစွမ်းပေါ်လွင်ခဲ့သည့် အပြင် အသင်းအတွက် သွင်းဂိုး လေးဂိုး သွင်းယူပေးခဲ့သည့်အတွက် AYA Pay မှ ချီးမြှင့်သည့် AYA Pay Man of the Match အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။ လှဖုန်းဦးသည် အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် တစ်သိန်း ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကို Chinland အသင်းပိုင်ရှင် Dr. Ck No Chhum ကချီးမြှင့်ပေးခဲ့သည်။



