ဒီဇင်ဘာပိတ်ရက်ဖြစ်၍ ရန်ကုန်မြို့တွင်နေထိုင်သူအများအပြားမှာ နယ်ဘက်များသို့သွားရောက်လည်ပတ်မှုများရှိနေကြသော်လည်း ရန်ကုန်မြို့တွင်းနေရာအချို့နှင့် တိရိစ္ဆာန်ဥယျာဥ်(ရန်ကုန်) တွင် လာရောက်လည်ပတ်သူများဖြင့်စည်ကားလျက်ရှိကာ တိရိစ္ဆာန်ဥယျာဥ်ရှိသော ကန်တော်ကြီးပတ်လမ်းတဝိုက်တွင်လည်း ကားအသွားအလာကြပ်နေသည်ကို ယနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့လည်ပိုင်းက တွေ့ရသည်။



