back

လီဗာပူးလ်-ဝုလ်ဗ်ပွဲမှာ ဂျိုတာရဲ့သားနှစ်ဦး mascot အဖြစ် ပါဝင်ဆင်နွှဲ

Dec 28 • 4:01 AM

breaking-news

မြန်မာ

ပြည်ပ

cover

လီဗာပူးလ်-ဝုလ်ဗ်ပွဲမှာ ဂျိုတာရဲ့သားနှစ်ဦး mascot အဖြစ် ပါဝင်ဆင်နွှဲ

လီဗာပူးလ်နဲ့ ဝုလ်ဗ် နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ ကွယ်လွန်သူ ဒီယိုဂိုဂျိုတာရဲ့သားနှစ်ဦးဟာ ယင်းအသင်းနှစ်သင်း တွေ့ဆုံတဲ့ပွဲမှာ mascot အဖြစ် ပါဝင်ဆင်နွှဲခဲ့ပါတယ်။...

လီဗာပူးလ်နဲ့ ဝုလ်ဗ် နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ ကွယ်လွန်သူ ဒီယိုဂိုဂျိုတာရဲ့သားနှစ်ဦးဟာ

ယင်းအသင်းနှစ်သင်း တွေ့ဆုံတဲ့ပွဲမှာ mascot အဖြစ် ပါဝင်ဆင်နွှဲခဲ့ပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်လက ဂျိုတာနဲ့ ညီဖြစ်သူတို့ ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်ပြီးနောက် လီဗာပူးလ်နဲ့ ဝုလ်ဗ်တို့ ပထမဆုံး တွေ့ဆုံခဲ့တာဖြစ်တယ်။ယခုပွဲမှာ ဂျိုတာရဲ့သားကြီး ဒီနစ်၊ သားလတ် ဒူအာတေတို့က လီဗာပူးလ်အသင်းဂျာစီ ဝတ်ဆင်ပြီး အသင်းခေါင်းဆောင် ဗန်ဒိုက်နဲ့အတူ ကွင်းထဲကို ဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။ဂျိုတာမှာ သားသမီးသုံးဦး ကျန်ရစ်ခဲ့ပြီး အငယ်ဆုံးက သမီးလေးဖြစ်ပါတယ်။အခုပွဲကို ဂျိုတာရဲ့ဇနီးဖြစ်သူ ရူတေကာဒိုဆိုကလည်း ပွဲကြည့်စင်ကနေ လာရောက်အားပေးခဲ့

ပါတယ်။ကစားသမားတချို့ရဲ့သားသမီးတွေလည်း အခုပွဲမှာ mascot အဖြစ် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။နှစ်ဖက်အသင်းပရိသတ်တွေကတော့ ပွဲချိန် မိနစ် ၂၀(ဂျိုတာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်)မှာ ဂျိုတာရဲ့အမည်ကို ကြွေးကြော်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

news-view-count-icon

34