back

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ‌ရွေးကောက်ပွဲ အပိုင်း (၁) စတင်ကျင်းပ

Dec 28 • 3:48 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ‌ရွေးကောက်ပွဲ အပိုင်း (၁) စတင်ကျင်းပ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ‌ရွေးကောက်ပွဲ အပိုင်း (၁) အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ် (၁၀၂)မြို့နယ်တွင် ယနေ့ ဒီဇင်ဘာ (၂၈) ရက်နေ့ မနက် (...

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ‌ရွေးကောက်ပွဲ အပိုင်း (၁) အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ် (၁၀၂)မြို့နယ်တွင် ယနေ့ ဒီဇင်ဘာ (၂၈) ရက်နေ့ မနက် (၆) နာရီအချိန်မှစတင်၍ ဆန္ဒမဲပေးနေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။ ယခု ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ (၅၇) ခုနှင့် ကိုယ်စားလှယ်လောင်း (၄,၈၆၃) ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး တစ်နိုင်ငံလုံးမှာ မဲရုံပေါင်း (၂၁,၅၁၇) ရုံရှိတယ်လို့လည်း သိရပါတယ်။

ယခု ရွေးကောက်ပွဲ၌ ကြိုတင်မဲများမှ လွဲ၍ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များ အသုံးပြု၍ မဲပေးရမှာဖြစ်တယ်လို့လည်းသိရပါတယ်။

ရွေးကောက်ပွဲအပိုင်း (၁) ၌ ရန်ကုန်တိုင်းဒေသကြီးတွင် (၁၂)မြို့နယ် ၊ ရှမ်းပြည်နယ်တွင် (၁၂)မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၁၂)မြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် (၉)မြို့နယ်၊ ဧရာဝတီ တိုင်းဒေသကြီးတွင် (၈) မြို့နယ်၊ နေပြည်တော်တွင် (၈) မြို့နယ် ၊ မန္တလေးတိုင်းဒေသကြီးတွင် (၈) မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် (၈) မြို့နယ် ၊ တနင်္သာရီတိုင်းဒေသကြီးတွင် (၄)မြို့နယ်၊ ကချင်ပြည်နယ်တွင် (၆)မြို့နယ်၊ မွန်ပြည်နယ်တွင် (၅) မြို့နယ်၊ ရခိုင်ပြည်နယ်တွင် (၃) မြို့နယ်၊ ကယားပြည်နယ်တွင် (၂) မြို့နယ်၊ ကရင်ပြည်နယ်တွင် (၃)မြို့နယ် နှင့် ချင်းပြည်နယ်တွင် (၂) မြို့နယ်တို့ပါဝင်ပါတယ်။ရွေးကောက်ပွဲအပိုင်း (၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့၌ မြို့နယ် (၁၀၀) တွင်လည်းကောင်း၊ အပိုင်း (၃) ကို ဇန်နဝါရီလ (၂၅) ရက်နေ့၌ မြို့နယ် (၆၃) မြို့နယ်တွင်လည်းကောင်း ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

news-view-count-icon

49