Myanmar National League ll 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-8) ပွဲစဉ်တစ်ပွဲဖြစ်သည့် ဒီဇင်ဘာလ(၂၈)ရက်နေ့ ယနေ့ညနေ(၃:၃၀)အချိန် တက္ကသိုလ်ကွင်းတွင် Silver Stars အသင်းနှင့် Chinland အသင်း တို့ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။Silver Stars အသင်းသည် (၇)ပွဲယှဥ်ပြိုင်ကစားအပြီးတွင် ရမှတ်(၃)မှတ်ဖြင့် အမှတ်ပေးဇယား၏ အဆင့် (၇)တွင်ရပ်တည်နေပြီး Chinland အသင်းက (၇)ပွဲယှဉ်ပြိုင်ကစားအပြီးတွင် ရမှတ်(၁၆)မှတ်ဖြင့် အမှတ်ပေးဇယား၏ အဆင့်(၂)တွင်ရပ်တည်နေပါသည်။



