ရေကြောင်းကတဆင့် ရခိုင်ပြည်နယ်ကို မှောင်ခိုပို့ဆောင်နေတဲ့ ဘိလပ်မြေ၊ ဓာတ်မြေဩဇာ၊ ဆေးဝါးတွေနဲ့အတူ လူ ၂၄ ဦးကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က လွန်ခဲ့တဲ့ ၂ ရက်အတွင်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကော့စ်ဘဇားနား ပင်လယ်ပြင်မှာ အထူးစစ်ဆင်ရေး ပြုလုပ်ကာ ငါးဖမ်းလှေတစ်စင်းကို ရှာဖွေခဲ့ပြီး ယူရီးယားဓာတ်မြေဩဇာအိတ် ၈၈ အိတ်၊ ဆေးဝါးနဲ့ နေ့စဉ်အသုံးအဆောင်ပစ္စည်းတွေကို မှောင်ခိုသယ်ဆောင်သူ ၂ ဦးနဲ့အတူ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ပစ္စည်းတွေရဲ့ တန်ဖိုးမှာ ခန့်မှန်းခြေအားဖြင့် တာကာ ၈.၅ သိန်းခန့်ရှိကြောင်း သိရပြီ မြန်မာနိုင်ငံကို တရားမဝင် ကုန်ပစ္စည်းတွေ ပို့ဆောင်ဖို့ ကြိုးပမ်းနေစဉ် ဖမ်းဆီးရမိခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။ဖမ်းဆီးရမိတဲ့ ကုန်ပစ္စည်းတွေ၊ အသုံးပြုတဲ့ လှေတွေနဲ့ ဖမ်းဆီးခံရသူတွေကို အကောက်ခွန်နဲ့ အခွန်ရှောင်တိမ်းမှု၊ မြန်မာနိုင်ငံကို တရားမဝင် မှောင်ခိုတင်ပို့မှုတွေနဲ့ ဆက်လက်တရားစွဲဆိုသွားမယ်လို့ ကမ်းခြေစောင့်တပ် မီဒီယာအရာရှိ က ပြောဆိုခဲ့ပါသည်။
Dec 28 • 3:35 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 38 | 0 | 0 | 0 |


