တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင် ပေါက်ကွဲသံနှင့် ပစ်ခတ်ဆက်တိုက်ထွက်ပေါ်နေကြောင်း မြို့ခံအချို့ကပြောသည်။ယနေ့ နံနက် ၇ နာရီကျော်အချိန်တွင် ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲသံသုံးချက်ကြားရပြီး နံနက် ၈ နာရီကျော်အချိန်တွင် နှစ်ချက်ကြားရကြောင်း မြို့ခံအချို့ကပြောသည်။ ရွေးကောက်ပွဲ အပိုင်း ၁ ကို ယနေ့နံနက်တွင် တနင်္သာရီတိုင်း ၄ မြို့နယ်၌ ကျင်းပနေပြီး ထားဝယ်မြို့နယ်၊ မြိတ်မြို့နယ်၊ ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့ပါဝင်သည်။
| 24 | 0 | 0 | 0 |


