ဒီဇင်ဘာလရောက်ရှိလာသည်နှင့်အမျှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ တာ့လီ ပိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ နန်ကျန့် ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ ဝူလျန့်တောင် ချယ်ရီပန်းတောင်ကြားရှိ ဆောင်းချယ်ရီပန်းများသည် အဆက်မပြတ်ပွင့်လန်းနေပြီး လက်ဖက်ခြံများနှင့် တိမ်ပင်လယ်တို့ဖြင့် လှပသော တောတောင်ရေမြေ ရှုခင်းပန်းချီကားတစ်ချပ် ဖြစ်ပေါ်စေခဲ့သည်။ မကြာသေးမီနှစ်များအတွင်း နန်ကျန့် ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်သည် “လက်ဖက်စိုက်ပျိုးသည့်နေရာများကို ရှုခင်းသာနေရာများ အဖြစ်၊ လက်ဖက်ခြံများကို ပန်းခြံများအဖြစ် ပြောင်းလဲခြင်းနှင့် လက်ဖက်တောင်များကို ရွှေတောင်များအဖြစ် ပြောင်းလဲခြင်း” ဖြင့် အစိမ်းရောင်ကို အခြေခံအရောင်အဖြစ်ထားရှိသော ပြည်သူများအား ကြွယ်ဝချမ်းသာစေပြီး ခရိုင်အား တိုးတက်စေသော လမ်းကြောင်းအသစ်တစ်ခုကို တက်ကြွစွာ ရှာဖွေကာ လက်ဖက် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့် တွန်းအားပေးဆောင်ရွက်ခဲ့သည်။



