back

မြစ်ကြီးနား-မန္တလေး လမ်းပိုင်း အခြေအနေဆိုးရွားပြီး လုံးဝပိတ်သွားသဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်အထိ ခရီးမသွားကြရန် သတိပေး

Dec 28 • 3:09 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြစ်ကြီးနား-မန္တလေး လမ်းပိုင်း အခြေအနေဆိုးရွားပြီး လုံးဝပိတ်သွားသဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်အထိ ခရီးမသွားကြရန် သတိပေး

မြစ်ကြီးနား-မန္တလေး ကားလမ်းပိုင်းရှိ မော်လူး၊ စီပိန်းနှင့် အင်းတော် လမ်းပိုင်းများမှာ ဒီဇင်ဘာလ ၂၇ ရက် နေ့လယ်ပိုင်းမှစတင်ကာ လုံးဝပိတ်သွားခဲ့ပြီး မြစ်ကြီးနားနှင့်...

မြစ်ကြီးနား-မန္တလေး ကားလမ်းပိုင်းရှိ မော်လူး၊ စီပိန်းနှင့် အင်းတော် လမ်းပိုင်းများမှာ ဒီဇင်ဘာလ ၂၇ ရက် နေ့လယ်ပိုင်းမှစတင်ကာ လုံးဝပိတ်သွားခဲ့ပြီး မြစ်ကြီးနားနှင့် ရွှေဘိုကြားရှိ ဂိတ်များလည်း ပိတ်ထားသဖြင့် ခရီးသွားပြည်သူများအနေဖြင့် ၂၀၂၆ ခုနှစ်အထိ ခရီးစဉ်များကို ရွှေ့ဆိုင်းထားကြရန် အထူးသတိပေးချက်များ ထွက်ပေါ်နေသည်။ ညပိုင်းရရှိသည့် သတင်းများအရ ကြည်ကျင်းဂိတ်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှသာ ပြန်လည်ဖွင့်လှစ်ပေးဖွယ်ရှိပြီး လမ်းခရီးတစ်လျှောက်တွင် ကားများသာမက ဆိုင်ကယ်များပင် သွားလာရန် ခက်ခဲနေသည့်အပြင် ခင်ဦးလမ်းဆုံတွင်လည်း အခြေအနေမကောင်းသဖြင့် ယာဉ်မောင်းများအနေဖြင့် ဝေးဝေးမှ ရှောင်ရှားနေထိုင်ကြရန်နှင့် အရေးမကြီးပါက လုံးဝမသွားကြရန် ခရီးသွားညီအစ်ကိုများက မေတ္တာရပ်ခံထားကြသည်။

news-view-count-icon

32