မန္တလေးဈေးကွက်အတွင်း ကိုက်လန်များစိုက်ပျိုးတင်ပို့လေ့ရှိသောဒေသတချို့တွင် နယ်မြေအခြေအနေအရ စိုက်ပျိုးနိုင်မှုနည်းပါးခဲ့ခြင်းဖြစ်သည်။"အရင်ကနေရာအနှံ့စိုက်ကြတာဆိုတော့ ဈေးကွက်ကမျှတယ်။ အခုကျမစိုက်နိုင်တဲ့နေရာတွေများလာတော့ စိုက်နိုင်တဲ့သူတွေကဈေးကောင်းရတာပေါ့"ဟုပြင်ဦးလွင်မြို့နယ်မှတောင်သူတစ်ဦးကပြောသည်။မန္တလေးဈေးကွက်အတွင်း အဓိကကိုက်လန်စိုက်ပျိုးတင်သွင်းလေ့ရှိသော ဧရာဝတီမြစ်အတွင်းက ကျွန်းများ၊ မင်းကွန်းဒေသ၊ မတ္တရာမြို့နယ်စသည့်နေရာဒေသများတွင် နယ်မြေအခြေအနေမတည်ငြိမ်မှုများကြောင့် စိုက်ပျိုးရေးလုပ်ငန်းများလျော့နည်းကျဆင်းခဲ့ကာ ပြင်ဦးလွင်၊ တံတားဦး၊ စဉ့်ကိုင်နှင့်ကျောက်ဆည်မြို့နယ်များတွင်သာ အများစုစိုက်ပျိုးနိုင်ခဲ့ကြခြင်းဖြစ်သည်။လတ်တလောတွင် ကိုက်လန်တစ်စည်းလျှင် ခြံဖြတ်ဈေးငွေကျပ် ၁,၀၀၀ မှ ၁,၂၀၀ ကြားအထိရရှိလျက်ရှိကြောင်း တောင်သူများကဆိုသည်။
Dec 28 • 2:49 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 44 | 0 | 0 | 0 |


