ပြည်တွင်းရှိ စားသုံးဆီလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန်နှင့် ပြည်ပမှ ဝယ်ယူတင်သွင်းနေရသည့် စားသုံးဆီပမာဏကို အထိုက်အလျောက်လျှော့ချနိုင်ရန်အတွက် တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် ရေတံခွန်ခြံနှင့် မလိဝမ်းခြံတို့၌ လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အတွင်း ဆီအုန်းစိုက်ဧက ၁၀၀ ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရပါတယ်။ဆီအုန်းသီးနှံပင် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေး ဦးစီးဌာနပိုင် ခြံများအတွင်း ဧရိယာ ၂၈၇ ဒသမ ၆၅ ဧကတွင် သုတေသနလုပ်ငန်းများကို စီမံဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ 
တနင်္သာရီတိုင်း၊ကော့သောင်းဒေသရှိ ရေတံခွန်ခြံနှင့် မလိဝမ်းခြံတို့တွင် ဆီအုန်းစိုက်ဧက ၁၀၀ စိုက်ပျိုးမည်
Dec 28 • 2:46 AM
မြန်မာ
တနင်္သာရီ
မျှဝေမည်
| 29 | 0 | 0 | 0 |


