back

ရန်ကုန်မှာ ဆယ်ကျော်သက်အရွယ် ရခိုင်ကိုရင်ငယ် ၂ ပါး ၃လနီးပါးကြာတဲ့အထိ အစအနမရဘဲ ပျောက်ဆုံးနေ

Dec 28 • 1:55 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မှာ ဆယ်ကျော်သက်အရွယ် ရခိုင်ကိုရင်ငယ် ၂ ပါး ၃လနီးပါးကြာတဲ့အထိ အစအနမရဘဲ ပျောက်ဆုံးနေ

ရန်ကုန်တိုင်းဒေသကြီးမှာ ဆယ်ကျော်သက်အရွယ် ရခိုင်ကိုရင်ငယ် ၂ ပါး ၃လနီးပါးကြာတဲ့ အထိ အစအနမရဘဲ ပျောက်ဆုံးနေတယ်လို့ သတင်းရရှိပါတယ်။ပျောက်ဆုံးနေတဲ့ ကိုရင်ငယ်နှစ်ပါးမှ...

ရန်ကုန်တိုင်းဒေသကြီးမှာ ဆယ်ကျော်သက်အရွယ် ရခိုင်ကိုရင်ငယ် ၂ ပါး ၃လနီးပါးကြာတဲ့ အထိ အစအနမရဘဲ ပျောက်ဆုံးနေတယ်လို့ သတင်းရရှိပါတယ်။ပျောက်ဆုံးနေတဲ့ ကိုရင်ငယ်နှစ်ပါးမှာ တစ်ပါးကတော့ ပေါက်တောမြို့နယ်၊ ဆံတော်ရှင်ကျွန်း စိုးမဲကျီကျေးရွာပ ရှင်အင်္ကုရ သက်တော်(၁၀)နှစ်နဲ့ တောင်ကုတ်မြို့နယ်၊ ငရုပ်တောင်က ရှင်ဝိမလ သက်တော် (၁၅)နှစ်တို့ ဖြစ်ကြပါတယ်။ကိုရင်ငယ်နှစ်ပါးမှာ ပြီးခဲ့သည့် မှော်ဘီမြို့နယ်၊မဟာဝိဟာရ ကျောင်းတိုက်တွင်သီတင်းသုံးနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်နေ့က ကျောင်းကနေမှော်ဘီမြို့ရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းသို့ ထွက်သွားပြီးနောက် ယမန်နေ့ ဒီဇင်ဘာ ၂၇ ရက်နေ့ထိ အစအနမရဘဲပျောက်ဆုံးနေသည်ဟု ရှင်အင်္ကုရ၏ အစ်ကိုတော်စပ်သူအရှင် ဦးနန္ဒမာလကနိရဉ္စရာကို ပြောသည်။လမ်းတွင်ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ၃လကြာသည်အထိ အဆက်အသွယ်အစအနမရဘဲပျောက်ဆုံးနေသဖြင့် အလွန်တရာစိုးရိမ်ကြောင့်ကြနေရပြီး‌ တွေ့ရှိပါက ဆက်သွယ် ပေးကြရန် အစ်ကိုတော်စပ်သူက အကူညီတောင်းခံထားသည်။

news-view-count-icon

18