မကွေးတိုင်း၊မင်းတုန်းမြို့တွင်၂၀၂၅ ဒီဇင်ဘာလ ၂၇ ရက် နံနက် ၀၅နာရီ၃၀မိနစ်အချိန်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ မှ ဦးဆောင်၍ " စု ပေါင်းလူထုလမ်းလျှောက်ပွဲ" အားအမှတ်(၃)ရပ်ကွက်၊ အောင်ဆန်းခန်းမရှေ့တွင် စု ရပ်ပြုလုပ်ပီး အမှတ်(၄)ရပ်၊ အားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြပါသည်။ဆက်လက်၍ မြို့မအားကစားကွင်း၌ ပညာရေးဌာန ၏ ကာ ယနည်းပြ ဆရာ/မ (၂)ဦးမှ ကိုယ် ကာယလေ့ကျင့်ခန်းအတွဲ(၁) အမှတ်စဉ်(၁)မှ (၁၂)အထိလည်းကောင်း၊ FitnessDance အား ကစား လှုပ်ရှားမှုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ "ဖူဆယ်" ဘောလုံးပြိုင်ပွဲ (Final) ပွဲစဉ် အား ကြည့်ရှုအားပေးခဲ့ပီး ဆုရရှိသည့် ပထမ၊ ဒုတိ ယ၊ တတိယ အသင်းများအား ဆုချီးမြှင့်ခြင်းများဆောင် ရွက်ခဲ့ပြီး လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲသူအားလုံးကို ဆီထမင်း၊ အကြော်များဖြင့် ဌာနဆိုင်ရာများမှ ဧည့်ခံကျွေး မွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။အဆိုပါ လမ်းလျှောက်ပွဲသို့ပြည်သူများစုစုပေါင်း (၄၀၀) ဦးခန့် ပါဝင်ခဲ့ကြပါ သည်။
မကွေးတိုင်း၊မင်းတုန်းမြို့တွင် ပြည်သူများစုပေါင်း၍ ဒီဇင်ဘာ လူ ထုစု ပေါင်းလမ်းလျှောက်ပွဲ ဆောင်ရွက်ခဲ့
Dec 28 • 1:53 AM
မြန်မာ
မကွေး
မျှဝေမည်
| 35 | 0 | 0 | 0 |


