မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော်အလံများ လွှမ်းခြုံနေစေရေးအတွက် အဓိက မိန်းလမ်းမကြီးများနှင့် မြို့ပေါ်ရပ်ကွက်များတွင် နိုင်ငံတော် အလံများ လွှင့်ထူ လျက်ရှိသည်။နိုင်ငံတော်အလံလွှင့်ထူခြင်းသည် နိုင်ငံတော်ကို ကိုယ်စားပြုခြင်း၊ နိုင်ငံ၏ဂုဏ်ကျက်သရေနှင့် အချုပ်အချာအာဏာကို ဖော်ပြခြင်း၊ နိုင်ငံသားများအကြား မျိုးချစ်စိတ်ဓာတ်နှင့် စည်းလုံးညီညွှတ်မှုကိုမြှင့်တင်ပေးခြင်း၊ အစိုးရနှင့် နိုင်ငံ၏အုပ်ချုပ်ရေးကို ဂုဏ်ပြုခြင်း၊ နိုင်ငံတကာတွင် နိုင်ငံကို ကိုယ်စားပြုခြင်း စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော်အလံများ လွှမ်းခြုံနေစေရေးအတွက် ဆင်ပေါင်ဝဲမြို့ မြို့အဝင်မုဒ်ဦးနှင့် ပန်းခြံများ၊ ဦးကြင်ဥလမ်း၊ မြို့ပေါ်လမ်းမကြီးများနှင့် ရုံး၊ ဌာန၊ နေအိမ်များ၊ ကျောင်းများအားလုံးတွင် နိုင်ငံတော်အလံများလွှင့်ထူလျက်ရှိပြီး ရောင်စုံမီးများ ထွန်းညှိလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်း၊ဆင်ပေါင်ဝဲမြို့၌ (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်နိုင်ငံတော်အလံများလွှင့်ထူခြင်းနှင့် ရောင်စုံမီးများ ထွန်းညှိလျက်ရှိ
Dec 28 • 1:52 AM
မြန်မာ
မကွေး
မျှဝေမည်
| 19 | 0 | 0 | 0 |


