လူသတ်မှု ဖြစ်စဥ်ဖြစ်ပွားခဲ့တဲ့ ရက်အတိအကျကို သိရခြင်းမရှိပေမဲ့ အဲဒီလူသတ်မှု ကျူးလွန်သူကို ဒီနေ့ ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်း လူမြင်ကွင်းရှေ့မှာ "ဝ" တရားစီရင်ရေးဌာနက သေဒဏ်ပေးခဲ့တယ်လို့ သိရပါတယ်။ဟိုပန်မြို့အလုပ်လာလုပ်ကြတဲ့ စိုင်းအောင်လင်းဦးနဲ့ ကိုကျော်လွင်တို့နှစ်ဦးဟာ စကားအချေအတင်ဖြစ်ပွားရာကနေ စိုင်းကျော်လင်းဦးက ကိုကျော်လွင်ရဲ့ဦးခေါင်းကို သေတဲ့အထိ ထုနှက်ခဲ့ပါတယ်။သေဒဏ်ချမှတ်ခံခဲ့ရတဲ့ စိုင်းအောင်လင်းဦးဟာ နောက်ဆုံး သေဒဏ်မချမှတ်ခင်မှာ ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ဆက်သွယ်ခွင့်ရှိမရှိကိုတော့ ဆက်လက်စုံစမ်းဆဲ ဖြစ်ပါတယ်။



