မလေးရှားစားအုန်းဆီ ဝယ်လိုအား မြင့်တက်သဖြင့် ဈေးနှုန်းများသည် လေးရက်ဆက်တိုက် တရက်ထက်တရက် ဈေးပိုမြင့်လာခဲ့ရာ နှစ်ပတ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ Intertek Testing Services မှ အချက်အလက်များအရ စားအုန်းဆီကို အင်ဒိုနီးရှား ပြီးလျှင် ကမ္ဘာ့ဒုတိယအများဆုံး ထုတ်လုပ်သည့် မလေးရှားမှ တင်ပို့မှုသည် ဒီဇင်ဘာလ၏ ပထမ ၂၅ ရက်အတွင်း အများဆုံး ထိပ်တန်းဝယ်ယူသူ အိန္ဒိယသည် တန်ချိန် ၂၇၉,၅၅၀ တင်သွင်းခဲ့ပြီး ပြီးခဲ့သည့်လက အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၆၆% မြင့်တက်ခဲ့သည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်နှစ်သစ်ကူးနှင့် ရမ်ဇာန်မတိုင်မီ ဖြစ်ပေ့်မည့် ဝယ်လိုအားသည် ဈေးနှုန်းများကို မြင့်တက်စေမည်ဟု မျှော်လင့်ရသည်။



