ဂျပန်နိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ စစ်တမ်းတခုအရ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ ဂျပန်နိုင်ငံအတွင်း ဂျပန်ဘာသာစကား သင်ယူနေသည့် နိုင်ငံခြားသားအရေအတွက်မှာ ၂၉၄,၁၉၈ ဦး ရှိသည်။ ထိုအရေအတွက်သည် ၂၀၂၃ ခုနှစ်ကထက် ဦးရေ ၃၀,၀၀၀ ကျော် တိုးလာခြင်းဖြစ်ပြီး စံချိန်သစ်တခု ဖြစ်သည်။ အဆိုပါ စစ်တမ်းသည် ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကောက်ယူထားသော စစ်တမ်းဖြစ်ပြီး ဂျပန်နိုင်ငံရှိ တက္ကသိုလ်များ သို့မဟုတ် တရားရေးဝန်ကြီးဌာနက သတ်မှတ်ထားသော ဘာသာစကားသင်တန်းကျောင်းများ၌ တက်ရောက်နေသူများ၊ ဒေသန္တရအစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများက ဖွင့်လှစ်ထားသော ဂျပန်စာသင်တန်းများ တက်ရောက်နေသူများ ပါဝင်သည်။



