မြိတ်တက္ကသိုလ် ဓာတုဗေဒဌာနမှ ဆပ်ပြာနှင့် ဆပ်ပြာရည် ထုတ်လုပ်ခြင်းသင်တန်းနှင့် အဏ္ဏဝါသိပ္ပံဌာနမှ စားကမာ သားဖောက်ထုတ်လုပ်ခြင်းနှင့် အသားတိုးမွေးမြူခြင်းသင်တန်းတို့ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၅) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ သင်တန်းသို့ တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူများ တက်ရောက်နိုင်ပြီး မြိတ်တက္ကသိုလ်၊ သင်တန်းရေးရာဌာနတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၉) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၂) ရက်နေ့အတွင်း လျှောက်ထားနိုင်ကြောင်း သိရသည်။ဆပ်ပြာနှင့် ဆပ်ပြာရည် ထုတ်လုပ်ခြင်းသင်တန်းကိုစနေ၊ တနင်္ဂနွေတွင်ဖွင့်လှစ်မည်ဖြစ်ပြီး နံနက် (၉) နာရီမှ မွန်းတည့် (၁၂) နာရီအထိ တတ်ရောက်ရမည်ဖြစ်သည်။အဆိုပါ သင်တန်းအတွက် သင်တန်းကာလ - (၃) လဖြစ်ပြီး သင်တန်းကြေးမှာ စုစုပေါင်း (၉) သောင်းကျပ်သတ်မှတ်ထားကာ သင်တန်းသားဦးရေ (၃၀) ဦးသာ လက်ခံမည်ဖြစ်သည်။ထို့ပြင် စားကမာ သားဖောက်ထုတ်လုပ်ခြင်းနှင့် အသားတိုးမွေးမြူခြင်းသင်တန်းကိုလည်း စနေ၊ တနင်္ဂနွေ (စာတွေ့) ၊ တနင်္လာမှ သောကြာ (လက်တွေ့) သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသားဦးရေ - (၄၀) ဦးသာလက်ခံမည်ဖြစ်သည်။တောင်ငူတက္ကသိုလ်၊ သတ္တဗေဒဌာနတွင်လည်း Superworm အင်းဆက်သားလောင်းများ မွေးမြူခြင်းသင်တန်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၅) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။



