မအူပင်မြို့မှ ပုဂံ-ပုပ္ပါးသို့ ဘုရားဖူးလာစဉ် ဒီဇင်ဘာလ ၂၃ ရက်နေ့က ဆိုင်ကယ်ဖြင့်ထွက်ခွာသွားရာမှ ပျောက်ဆုံးနေသည့် ဇနီးမောင်နှံနှင့်ပတ်သက်၍ လက်ရှိအချိန်ထိ မည်သည့်ဆက်သွယ်မှုမျှ မရရှိသေးဘဲ လူမှုကွန်ရက်ပေါ်တွင် ငွေကြေးဖြင့် ပြန်ရွေးရန် ဆက်သွယ်လာသည်ဆိုသော သတင်းအမှားများ ပျံ့နှံ့နေခြင်းကြောင့် ပျောက်ဆုံးနေသူများ၏ ဘေးအန္တရာယ်အတွက် ပိုမိုစိုးရိမ်နေရကြောင်း မိသားစုဝင်များက ရှင်းလင်းပြောကြားကာ အတည်မပြုနိုင်သည့် သတင်းများ မတင်ကြရန် မေတ္တာရပ်ခံထားသည်။
ပုဂံခရီးသွားရင်း ပျောက်ဆုံးနေသည့် ဇနီးမောင်နှံနှင့်ပတ်သက်၍ ငွေညှစ်ခံရသည်ဆိုသော သတင်းအမှားများကြောင့် မိသားစုဝင်များ စိုးရိမ်နေ
Dec 27 • 7:24 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 31 | 0 | 0 | 0 |


