back

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်တွင် AI နည်းပညာသုံး ကစားစရာများ ထုတ်လုပ်မှုကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိ

Dec 27 • 6:51 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်တွင် AI နည်းပညာသုံး ကစားစရာများ ထုတ်လုပ်မှုကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိ

တရုတ်နိုင်ငံ၏ အဓိကကစားစရာထုတ်လုပ်ရာဒေသဖြစ်သော ကွမ်တုန်းပြည်နယ်သည် ၎င်း၏စက်မှုလုပ်ငန်းအားသာချက်များကို အသုံးချ၍ AI (ဉာဏ်ရည်တု) စနစ်သုံး ကစားစရာများ ဖွံ့ဖြိုးတိုး...

တရုတ်နိုင်ငံ၏ အဓိကကစားစရာထုတ်လုပ်ရာဒေသဖြစ်သော ကွမ်တုန်းပြည်နယ်သည် ၎င်း၏စက်မှုလုပ်ငန်းအားသာချက်များကို အသုံးချ၍ AI (ဉာဏ်ရည်တု) စနစ်သုံး ကစားစရာများ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ AI ကစားစရာများသည် လူနှင့်စက်ပစ္စည်းကြား အပြန်အလှန်ဆက်သွယ်နိုင်ခြင်း၊ ပုံစံမျိုးစုံနှင့် အသုံးချမှုနယ်ပယ်ကျယ်ပြန့်ခြင်းစသည့် ထူးခြားချက်များရှိပြီး၊ မကြာသေးမီကကျင်းပခဲ့သည့် ကုန်စည်ပြပွဲများတွင်လည်း စက်ရုပ်ခွေးများ၊ AI အရုပ်များနှင့် BubblePal ကဲ့သို့သော နည်းပညာမြင့်ထုတ်ကုန်များကို ခင်းကျင်းပြသကာ လူထုစိတ်ဝင်စားမှု ရရှိနေကြောင်း သိရသည်။

news-view-count-icon

17