လေကြောင်းခရီးစဉ်များကို စောင့်ကြည့်သည့် ဖလိုက်အဝဲဝက်ဘ်ဆိုက်၏ အဆိုအရ အားလပ်ရက်ခရီးသွားလာမှု အများဆုံးအချိန်တွင် ဆောင်းရာသီမုန်တိုင်း ဒေဗင်ကြောင့် ယခု ရက်သတ္တပတ် သောကြာနေ့တွင် အမေရိကန်ပြည်ထောင်စုရှိ လေကြောင်းလိုင်းများသည် လေကြောင်းခရီးစဉ်ပေါင်း ထောင်ချီ၍ ဖျ-က်သိမ်းခြင်း သို့မဟုတ် ကြန့်ကြာခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ဒီဇင်ဘာ၂၆ရက်သောကြာနေ့မွန်းလွဲပိုင်းအထိ စုစုပေါင်း လေကြောင်းခရီးစဉ် ၁,၃၈၂ ခု ဖျက်သိမ်းခဲ့ရပြီး ၄,၆၈၅ ခု ကြန့်ကြာခဲ့ကြောင်း အဆိုပါဝက်ဘ်ဆိုက်က ဖော်ပြထားပါသည်။ နိုင်ငံတော် မိုးလေဝသဌာနက ဂရိတ်လိခ်စ်အထက်ပိုင်းဒေသတစ်ခွင်တွင် တစ်နေ့လုံး နှင်းကျနိုင်ကြောင်း ခန့်မှန်းထားပြီး မုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဦးတည်ရွေ့လျားနိုင်ကြောင်း ဖော်ပြထားပါသည်။



