ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak ရပ်ကွက်ရှိ ဈေးတစ်ခုအတွင်းမှ လက်သည်း၊ ခြေသည်း အလှပြင်ဆိုင်တစ်ဆိုင်ကို ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်ခန့်ထားရေးအဖွဲ့တို့က ဒီဇင်ဘာလ ၂၅ ရက်တွင် ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင်အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး ၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများအနက် ၄ ဦးမှာ ဗီဇာသက်တမ်းကုန်ဆုံးနေခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်းတို့ကြောင့်ဖြစ်ပြီး ကျန် ၁ ဦးမှာ မည်သည့်အထောက်အထားမျှ မရှိဘဲ လုပ်ကိုင်နေခြင်းဖြစ်ကာ၊ ၎င်းတို့ကို အလုပ်ခန့်ထားသည့် ထိုင်းအလုပ်ရှင် ၂ ဦးကိုလည်း ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ လက်ရှိတွင် ၎င်းတို့အားလုံးကို Chang Phueak ရဲစခန်းသို့ ပို့ဆောင်ကာ အရေးယူရန် စီစဉ်နေပြီး ဖမ်းဆီးခံရသူများ၏ ဝန်ခံချက်အရ ၎င်းတို့သည် အဆိုပါဆိုင်တွင် လစာ ၁၂,၀၀၀ ဘတ်ဖြင့် ၃ လခန့် လုပ်ကိုင်နေကြသူများဖြစ်ကြောင်း သိရသည်။
ချင်းမိုင်မြို့တွင် တရားမဝင်အလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီး ၅ ဦးနှင့် ထိုင်းအလုပ်ရှင် ၂ ဦး ဖမ်းဆီးခံရ
Dec 27 • 4:22 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 66 | 0 | 0 | 0 |


